Data Science အကြောင်း မိတ်ဆက်ခြင်း (Introduction)
Data Science ဆိုတာဘာလဲ?
၂၀ ရာစုနှောင်း ၂၁ ရာစု ပိုင်းထဲမှာ Data Science အလုပ်ဟာ Sexy အကျဆုံး အသက်မွေးဝမ်း လို့ လူအတော်များများ ပြောကြပါတယ်။
data science ဟာ ဘာသာရပ်တစ်ခုတည်းမဟုတ်ဘဲ ဘာသာရပ်များစွာ စုစည်းထားတာဖြစ်ပြီး data= အချက်အလက် နဲ့ science=သိပ္ပံ ဆိုတဲ့ စကားရပ်နှစ်ခုကိုပေါင်းထားပါတယ်။ ဘာသာပြန် ရရင် data science = အချက်အလက်များကို လေ့လာသော သိပ္ပံပညာရပ် ဆိုပြီး ဖြစ်နေပါတယ်။ ဒါပေမယ့် ဗျာ data science ကို အဘိဓာတ်အတိုင်း မြန်မာမှုပြုခြင်းထက် data science လို့ပဲ ခေါ်တာ ပိုနားထောင်ကောင်းမယ်လို့ ထင်ပါတယ်။
Data Science လုပ်ဖို့ဘယ်ဘာသာရပ်တွေလိုအပ်သလဲ?
data science ကို လေ့လာမည်ဆိုပါက ပထမဆုံး ကွန်ပျူတာနဲ့ ICT နည်းပညာ များကို နားလည်ထားဖို့လိုမှာ ဖြစ်ပါတယ်။ နောက်ပြီး သင်္ချာနဲ့ statistic စာရင်းအင်းပညာရပ်တွေ ကိုလည်း လေ့လာထားရမှာ ဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ် (Domains/Business Knowledge) မှာလည်း ကျွမ်းကျင်ရမှာဖြစ်ပါတယ်။ Domains/Business Knowledge ကျွမ်းကျင်ရမယ်ဆိုတာက ဥပမာ အိမ်ခြံမြေ နဲ့ပတ်သက်တဲ့ data science လုပ်ဖို့ အိမ်ခြံမြေ နဲ့ပတ်သက်တဲ့ အတွေ့အကြုံ ဗဟုသုတ ရှိနေဖို့လိုတယ်လို့ ပြောချင်တာပါ။ Domains/Business Knowledge မရှိရင် မြန်မြန် ရှိအောင်လေ့လာဖို့/လုပ်ဖို့ လိုပါတယ်။ ဒီသုံးချက်ပိုင်နိုင်မှ data science ဘာသာရပ်ကို ကောင်းစွာ ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။
ဥပမာ ဆိုင်တစ်ဆိုင်တွင် ရောင်းချမှုအချက်အလက်များကို အခြေခံပြီး ခွဲခြမ်းစိတ်ဖြာကာ Data analyst သမားများက တင်ပြကြရပါတယ်။ တင်ပြမှုကောင်းဖို့ အလွန်အရေးကြီးပြီး တင်ပြမှုပေါ် မူတည်ကာ Data science သမားများက Strategy နဲ့ အနာဂတ်ရည်မှန်းချက် နည်းလမ်းများ ရှာဖွေကြရပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့အတွက် Data analyst နဲ့ Data science သမားများမှာ သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံဗဟုသုတ ရှိရန် အလွန်လိုအပ်ပါတယ်။
အဲဒီအသက်မွေးမှုများထဲမှာမှ Data Analyst တစ်ဦးအဖြစ်အသက်မွေးမည်ဆိုပါက သင်္ချာနှင့် စာရင်းအင်းပညာရပ်များ၊ ဖြစ်နိုင်ချေတွက်ချက်သည့် Probability တွက်ချက်မှုများ၊ ကွန်ပျူတာ ပရိုဂရမ် ရေးဆွဲခြင်းများတက်ကျွမ်းရပါမည်။ နောက်ပြီး Logical Thinking ကောင်းကောင်းနှင့် data set များကို ကြည့်ရှုကာ အလွယ်တကူ သဘောပေါက်နိုင်စွမ်းရှိဖို့ လိုပါတယ်။
ထို့အပြင် Database နဲ့ Cloud Services စတဲ့ နည်းပညာများကိုလည်း သိရှိနားလည် ထားသင့်ပါတယ်။
Data Science နဲ့ပတ်သက်သည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ
Data Science နဲ့ပတ်သက်သည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာ Data scientist , Data architect , data visualization Designer, Data Analyst, Data Engineer, Machine Learning Engineer စသည်ဖြင့် ရှိပါတယ်။
Data Science ပညာရပ်ဟာ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဈေးကွက်ရှာဖွေမှုများ၊ စတော့ရှယ်ယာလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နယ်ပယ် ဆေးပညာ နယ်ပယ်၊ ပညာရေးနယ်ပယ်၊ စိုက်ပျိုးရေးနယ်ပယ်၊ AI (Artificial Intelligent) ၊ Big Data စသည်ဖြင့် နယ်ပယ်များစွာတွင် အသုံးပြုနိုင်ပါတယ်။ Data Science နဲ့ပတ်သက်သည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများလို့ ပြောရင် Data Science လို့တိုက်ရိုက်မပါရင်တောင် သွယ်ဝိုက်ပြီး ပတ်သက်နေတဲ့ နယ်ပယ်ပေါင်းများစွာရှိနေပြီဖြစ်ပါတယ်။
Comments
Post a Comment